2 ရာဇဝင်ချုပ်ပထမစောင် 16:36
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 16
Cross References
Deuteronomy 27:15`` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။
1 Kings 8:56မင်းကြီးက``ကတိတော်ရှိသည့်အတိုင်းမိမိ၏ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူသောထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သည်မိမိ၏အစေခံမောရှေအားဖြင့် ပေးတော်မူခဲ့သောကတိတော်အပေါင်းကို တစ်သဝေမတိမ်းတည်စေတော်မူပြီ။-
Nehemiah 9:5လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊ ``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်း ငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟု ဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။
Psalms 106:48ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။
1 Corinthians 14:16သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
1 Peter 1:3ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-