The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 16 › 2 ရာဇဝင်ချုပ်ပထမစောင် 16:41

2 ရာဇဝင်ချုပ်ပထမစောင် 16:41

ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ တည်​သည်​ဖြစ်​၍ ထော​မ​နာ​သီ​ချင်း​များ​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​သီး​ခြား သတ်​မှတ်​ရွေး​ချယ်​ထား​သူ​ဟေ​မန်၊ ယေ​ဒု​သုန် နှင့်​အ​ခြား​သူ​တို့​သည်​လည်း ထို​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ရှိ​ကြ​ပေ သည်။-

Common Language Bible

In The King James Version

And with them Heman and Jeduthun, and the rest that were chosen, who were expressed by name, to give thanks to the LORD, because his mercy endureth for ever;

In Context

40သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သော​ပ​ညတ် ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း​နေ့​စဉ် နံ​နက်​၌​တစ်​ကြိမ်၊ ည​နေ​၌​တစ်​ကြိမ်​ယဇ်​ပလ္လင် ပေါ်​တွင် ယဇ်​ကောင်​များ​ကို​အ​ကောင်​လိုက်​တင် ၍​မီး​ရှို့​ပူ​ဇော်​ရ​ကြ​၏။-

42ထော​မ​နာ​သီ​ချင်း​များ​ကို​သီ​ဆို​ချိန်​၌​ဟေ​မန် နှင့်​ယေ​ဒု​သုန်​တို့​သည်​တံပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့် အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး​မှုတ်​ရာ​၌​လည်း တာ​ဝန်​ယူ​ရ​ကြ​၏။ ယေ​ဒု​သုန်​၏​သား​ချင်း​စု မှ​လူ​တို့​သည် တံ​ခါး​များ​ကို​တာ​ဝန်​ယူ​၍ စောင့်​ရ​သူ​များ​ဖြစ်​ကြ​၏။

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 16

Cross References

1 Chronicles 6:33ဤ​ရာ​ထူး​တွင်​ခန့်​ထား​ခြင်း​ခံ​ရ​သူ​တို့ ၏ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ကော​ဟတ်​သား​ချင်း​စု​မှ​ယော​လ​၏​သား ဟေ​မန်​သည် ပ​ထ​မ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့ ခေါင်း​ဆောင်​ဖြစ်​၏။ ဟေ​မန်​၏​အ​ဖ​သည် ယော​လ၊ ယော​လ​၏​အ​ဖ​မှာ ရှ​မွေ​လ၊ ရှ​မွေ​လ​၏​အ​ဖ​ကား​ဧ​လ​ကာ​န​ဖြစ်​၏။ ဧ​လ​ကာ​န​၏​အ​ဖ​သည် ယေ​ရော​ဟံ၊ ယေ ရော​ဟံ​၏​အ​ဖ​မှာ​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ ၏​အ​ဖ​ကား​တော​အာ​ဖြစ်​၏။ တော​အာ​၏ အ​ဖ​သည်​ဇော​ဖဲ၊ ဇော​ဖဲ​၏​အ​ဖ​မှာ ဧ​လ ကာ​န၊ ဧ​လ​ကာ​န​၏​အ​ဖ​ကား​မာ​ဟတ် ဖြစ်​၏။ မာ​ဟတ်​၏​အ​ဖ​သည် အ​မာ​သဲ၊ အ​မာ​သဲ​၏​အ​ဖ​သည်​ဧ​လ​ကာ​န၊ ဧ​လ ကာ​န​၏​အ​ဖ​မှာ​ယော​လ၊ ယော​လ​၏​အ​ဖ ကား​အာ​ဇ​ရိ​ဖြစ်​၏။ အာ​ဇ​ရိ​၏​အ​ဖ​သည် ဇေ​ဖ​နိ၊ ဇေ​ဖ​နိ​၏​အ​ဖ​မှာ​တာ​ဟတ်၊ တာ ဟတ်​၏​အ​ဖ​သည်​အ​ဿိ​ရ၊ အ​ဿိ​ရ​၏​အ​ဖ ကား​ဧ​ဗျာ​သပ်​ဖြစ်​၏။ ဧ​ဗျာ​သပ်​၏​အ​ဖ သည်​ကော​ရ၊ ကော​ရ​၏​အ​ဖ​မှာ​ဣ​ဇ​ဟာ၊ ဣ​ဇ​ဟာ​၏​အ​ဖ​ကား​ကော​ဟတ်​ဖြစ်​၏။ ကော​ဟပ်​၏​အ​ဖ​သည်​လေ​ဝိ၊ လေ​ဝိ​၏ အ​ဖ​ကား​ယာ​ကုပ်​ဖြစ်​၏။ ဤ​သို့​လျှင် ဟေ​မန်​၏​ဘိုး​ဘေး​စာ​ရင်း​မှာ​ယာကုပ် တွင်​အ​ဆုံး​သတ်​သ​တည်း။

1 Chronicles 16:34ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။

1 Chronicles 25:1ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

2 Chronicles 20:21မင်း​ကြီး​သည်​ပြည်​သူ​တို့​နှင့်​တိုင်​ပင်​၍​ဂီ​တ ပ​ညာ​သည် အ​ချို့​ကို​နေ့​ထူး​နေ့​မြတ်​များ​တွင် ဝတ်​ဆင်​လေ့​ရှိ​သည့်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၍ တပ်​မ​တော်​ရှေ့​က​ချီ​တက်​စေ​ပြီး​လျှင်``ထာ​ဝရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော် ၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​၏'' ဟု​သီ​ဆို ကြ​စေ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 16:41

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 16:402 ရာဇဝင်ချုပ်ပထမစောင် 162 ရာဇဝင်ချုပ်ပထမစောင် 16:42 →