2 ရာဇဝင်ချုပ်ပထမစောင် 17:1
ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 17
Cross References
Exodus 26:1``ငါစံတော်မူရာတဲတော်ကို ချည်ချော၊ သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်တို့နှင့်ရက် သောကန့်လန့်ကာဆယ်ခုဖြင့်ပြုလုပ်လော့။ ထို ကန့်လန့်ကာများတွင် ခေရုဗိမ်ရုပ်များပန်း ပေါက်ဖော်ထားရမည်။-
2 Samuel 6:17လူတို့သည်သေတ္တာတော်ကိုပင့်ဆောင်ကာ ဒါဝိဒ်တည်ဆောက်ထားသည့်တဲတော်အတွင်း လျာထားသည့်နေရာ၌ထားကြ၏။ ထိုနောက် ဒါဝိဒ်သည်ထာဝရဘုရားအားမီးရှို့ရာ ယဇ်နှင့်မိတ်သဟာယယဇ်တို့ကိုပူဇော် လေသည်။-
2 Samuel 12:1ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
1 Kings 1:8သို့ရာတွင်ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ နှင့်ဒါဝိဒ်၏ကိုယ်ရံတော်တပ်သားများကမူ အဒေါနိယဘက်သို့မဝင်ကြ။
1 Kings 1:44မင်းကြီးသည်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့် ဘုရင့်ကိုယ်ရံတော်တပ်သားများအား ရှောလမုန် ကိုဘုရင်၏မြည်းတော်ပေါ်တွင်တင်၍ခေါ်ဆောင် သွားစေတော်မူပါ၏။-
1 Chronicles 15:1ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-