2 ရာဇဝင်ချုပ်ပထမစောင် 17:22
ဣသရေလအမျိုးသားတို့အား ကိုယ်တော်ရှင် ထာဝစဉ်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေ တော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်သူတို့၏ဘုရားသခင်ဖြစ်လာတော် မူပါပြီ။
Common Language Bible
In The King James Version
For thy people Israel didst thou make thine own people for ever; and thou, LORD, becamest their God.
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 17
Cross References
Genesis 17:7သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
Deuteronomy 7:6သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။''
1 Samuel 12:22ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-
Jeremiah 31:31ထာဝရဘုရားက``ငါသည်ဣသရေလပြည် သားများ၊ ယုဒပြည်သားများနှင့်ပဋိညာဉ် သစ်ဖွဲ့မည့်အချိန်ကာလကျရောက်လာလိမ့် မည်။-
Romans 9:4သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
Romans 11:1သို့ဖြစ်၍ဘုရားသခင်သည်မိမိ၏လူစုတော် အား ပစ်ပယ်တော်မူပြီလောဟုမေးသော်ဧကန် မုချပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်ပင်လျှင် ဣသရေလအမျိုးသား၊ အာဗြဟံမှဆင်း သက်သူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။-