2 ရာဇဝင်ချုပ်ပထမစောင် 19:4
ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 19
Cross References
Leviticus 19:27သေသူအတွက်ဝမ်းနည်းသည့်အနေဖြင့် ဦး ခေါင်းဘေးပတ်လည်ရှိဆံပင်ကိုမညှပ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှိရ။-
2 Chronicles 36:16သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
Psalms 109:4ကျွန်တော်မျိုးသည်သူတို့အားမေတ္တာပြလျက် သူတို့အတွက်ဆုတောင်းပတ္ထနာပြုသော်လည်း သူတို့သည်ကျွန်တော်မျိုးအားရန်ဘက်ပြု ကြပါ၏။
Isaiah 20:4အာရှုရိဘုရင်သည်ဤနိုင်ငံနှစ်ခုမှဖမ်းဆီး ရမိသည့်သုံ့ပန်းများကို အဝတ်အချည်းစည်း နှင့်ခေါ်ဆောင်သွားလိမ့်မည်။ သူတို့သည်လူကြီး လူငယ်မကျန်၊ ဖိနပ်မပါ၊ မိမိတို့အရှက်ကို ပင်မဖုံးနိုင်ဘဲအဝတ်အချည်းစည်းနှင့်လိုက် ပါသွားကာ အီဂျစ်ပြည်ကိုအသရေဖျက် ကြလိမ့်မည်။-
Jeremiah 41:5ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
Mark 12:4ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကိုတစ်ဖန် စေလွှတ်ပြန်၏။ ခြံသမားတို့သည်ထိုကျွန်၏ဦး ခေါင်းကိုရိုက်နှက်၍ အရှက်တကွဲအကျိုးနည်း အောင်ပြုကြ၏။-