2 ရာဇဝင်ချုပ်ပထမစောင် 19:7
သူတို့သည်မိမိတို့ငှားရမ်းထားသည့်စစ် ရထားသုံးသောင်းနှစ်ထောင်နှင့် မာခါပြည် ဘုရင်၏တပ်မတော်ကိုခေါ်ဆောင်ကာ မေ ဒဘမြို့အနီးသို့လာ၍စခန်းချလေသည်။ အမ္မုန်အမျိုးသားတို့သည်လည်းမိမိတို့၏ မြို့အပေါင်းမှထွက်၍စစ်တိုက်ရန်အသင့် ပြင်ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 19
Cross References
Numbers 21:30သို့ဖြစ်၍သူတို့၏အဆက်အနွယ်တို့သည် ဟေရှဘုန်မြို့မှဒိဘုန်မြို့သို့လည်းကောင်း၊ နာရှင်မြို့မှမေဒဘမြို့အနီးနောဖာမြို့သို့ လည်းကောင်း၊ ဖျက်ဆီးသုတ်သင်ခြင်းခံရလေပြီ'' ဟူ၍ စပ်ဆိုကြ၏။
Joshua 13:16သူတို့၏နယ်မြေသည်(အာနုန်မြစ်ဝှမ်းပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်းအထက်ရှိမြို့များ အထိကျယ်ပြန့်၍ မေဒဘမြို့ပတ်လည်ရှိ ကုန်းပြင်မြင့်တစ်ခုလုံးပါဝင်သည်။-
1 Samuel 13:5ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-
1 Chronicles 18:4ဒါဝိဒ်သည်ထိုမင်း၏စစ်ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်နှင့်ခြေလျင်တပ် သားနှစ်သောင်းတို့ကိုလက်ရဖမ်းမိတော် မူ၏။ သူသည်စစ်ရထားတစ်ရာအတွက် လိုအပ်သမျှသောမြင်းတို့ကိုသိမ်းယူထား ပြီးလျှင် အခြားမြင်းတို့အားဒူးခေါက်ကြော ကိုဖြတ်၍ခြေဆွံ့အောင်ပြုတော်မူ၏။
Psalms 20:7အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။