2 ရာဇဝင်ချုပ်ပထမစောင် 19:9
အမ္မုန်အမျိုးသားတို့သည်လာရောက်၍ မိမိ တို့၏မြို့တော်ရဗ္ဗာမြို့အဝင်တွင်နေရာယူ ကြ၏။ စစ်ကူရောက်ရှိလာကြသောဘုရင် တို့သည်လည်းကွင်းပြင်တွင်နေရာယူ ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 19
Cross References
2 Samuel 10:8အမ္မုန်ပြည်သားတို့သည်ရဗ္ဗာမြို့မှထွက်ပြီး လျှင် မြို့တံခါးအနီးတွင်နေရာယူကြ၏။ ရှုရိပြည်သားများ၊ တောဘမြို့သားများ နှင့်မာခါ၏လူများအစရှိသောအခြား သူတို့မူကားလွင်ပြင်၌နေရာယူကြ လေသည်။
1 Kings 20:1ရှုရိဘုရင်ဗင်္ဟာဒဒ်သည် မိမိ၏စစ်သည်တော် အပေါင်းကိုစုရုံးစေပြီးလျှင် အခြားမင်း သုံးကျိပ်နှစ်ပါးခြံရံလျက်သူတို့၏မြင်း တပ်၊ ရထားတပ်များနှင့်အတူချီတက်၍ ရှမာရိမြို့ကိုဝိုင်းရံထားတော်မူ၏။-
2 Chronicles 13:3အဘိယနှင့်ယေရောဗောင်တို့သည်စစ်ဖြစ်ကြ သဖြင့် အဘိယသည်စစ်သည်လေးသိန်းရှိသော တပ်မတော်ဖြင့်တိုက်ခိုက်ရာ ယေရောဗောင်က စစ်သည်ရှစ်သိန်းရှိသောတပ်မတော်ဖြင့်ပြန် လည်ခုခံလေသည်။
Isaiah 28:6ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။
Joel 2:5သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။