2 ရာဇဝင်ချုပ်ပထမစောင် 2:7
ကာမိ၏သားအာခန်သည်ဘုရားသခင်အား ဆက်ကပ်ထားသောတိုက်ခိုက်သိမ်းယူရရှိသည့် ဝတ္ထုပစ္စည်းကိုယူသောကြောင့် ဣသရေလ အမျိုးသားတို့ကပ်ဆိုက်ရကြကုန်၏။
Common Language Bible
In The King James Version
And the sons of Carmi; Achar, the troubler of Israel, who transgressed in the thing accursed.
In Context
6သူ၏ညီဇာရတွင်ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရဟူ၍သားငါးယောက် ရှိ၏။-
8ဧသန်တွင်အဇရိဟူသောသားတစ်ယောက် ရှိ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 2
Cross References
Deuteronomy 7:26ထိုရုပ်တုများကိုသင်တို့၏နေအိမ်များသို့မ ယူဆောင်ခဲ့ရ။ ယင်းသို့ယူဆောင်ခဲ့လျှင်ရုပ်တု များကဲ့သို့ သင်တို့သည်လည်းကျိန်စာသင့်လိမ့် မည်။ ရုပ်တုများသည်ထာဝရဘုရား၏ကျိန် စာသင့်သောကြောင့် ရုပ်တုများကိုသင်တို့ရွံ ရှာမုန်းတီးကြရမည်။''
Joshua 6:18သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။-
Joshua 7:11ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။-
Joshua 22:20ဇေရ၏သားအာခန်သည်ဖျက်ဆီးပစ်ရ မည့်ပစ္စည်းများနှင့်စပ်ဆိုင်သောအမိန့်တော် ကိုမနာခံသဖြင့် ဣသရေလတစ်မျိုးသား လုံးအပြစ်ဒဏ်ခံခဲ့ရသည်မဟုတ်လော။ အာခန်၏အပြစ်ကြောင့်သူတစ်ဦးတည်း သာအသက်သေဆုံးခဲ့ရသည်မဟုတ်'' ဟု ဆိုကြ၏။