2 ရာဇဝင်ချုပ်ပထမစောင် 20:1
နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 20
Cross References
2 Samuel 11:1ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
2 Samuel 12:26ဤအတောအတွင်း၌ယွာဘသည် အမ္မုန်ပြည် ၏မြို့တော်ရဗ္ဗာမြို့ကိုတိုက်ခိုက်သဖြင့်မြို့ တော်ကျခါနီးသောအခါ၊-
1 Kings 20:22ထိုအခါပရောဖက်သည်အာဟပ်မင်းထံ သို့သွား၍``ရှုရိဘုရင်သည်လာမည့်နွေဦး ပေါက်တွင်တစ်ဖန်ချီလာဦးမည်ဖြစ်သဖြင့် သင်သည်ပြန်၍မိမိ၏တပ်မတော်ကိုအင် အားပြည့်စေရန်သတိနှင့်စီမံလော့'' ဟု ဆို၏။
2 Kings 13:20ဧလိရှဲကွယ်လွန်သွားသောအခါ သူ့ကိုသင်္ဂြိုဟ် ကြ၏။ မောဘပြည်သားတို့သည်နှစ်စဉ်နှစ်တိုင်း ဣသ ရေလပြည်ကိုချင်းနင်းဝင်ရောက်လေ့ရှိကြ၏။
Isaiah 54:16``မီးကိုမွှေး၍လက်နက်များကိုပြုလုပ်သူ ပန်းပဲဆရာကိုငါဖန်ဆင်း၏။ သတ်ဖြတ်ရန်အတွက်ထိုလက်နက်များကို အသုံးပြုသူစစ်သူရဲကိုလည်းငါဖန်ဆင်း၏။
Ezekiel 21:20ဖျက်ဆီးမည့်ဋ္ဌားလာရောက်ရန်မှတ်တိုင်တစ် တိုင်သည် အမ္မုန်ပြည်ရဗ္ဗတ်မြို့သို့လမ်းညွှန် လျက် အခြားတစ်တိုင်မှာယုဒပြည်ခိုင်ခံ့ သောယေရုရှလင်မြို့သို့လမ်းညွှန်ရမည်။-