2 ရာဇဝင်ချုပ်ပထမစောင် 20:8
ဒါဝိဒ်နှင့်သူ၏တပ်သားတို့သတ်ဖြတ်ပစ် ကြသည့်ဤလူသုံးဦးတို့သည် ဂါသမြို့ မှကိုယ်လက်ကြီးထွားသည့်လူမျိုးအဆက် အနွယ်များဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 20
Cross References
Joshua 14:12ထို့ကြောင့်အကျွန်ုပ်နှင့်အပေါင်းအဖော် တို့သတင်းပြန်ကြားအစီရင်ခံသောနေ့ ၌ ထာဝရဘုရားကပေးမည်ဟုကတိ ထားတော်မူသောဤတောင်ကုန်းဒေသ ကိုအကျွန်ုပ်အားပေးပါ။ ထိုဒေသတွင် ကိုယ်ခန္ဓာထွားကြိုင်းသောအာနကအမျိုး သားများသည် ခိုင်ခံ့သောမြို့ရိုးများအတွင်း နေထိုင်ကြောင်းကိုအကျွန်ုပ်တို့အစီရင်ခံခဲ့ ကြပါသည်။ သို့သော်လည်းထာဝရဘုရား သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် ကတိတော်အတိုင်းအကျွန်ုသည်ထိုသူ တို့ကိုတိုက်ခိုက်နှင်ထုတ်နိုင်ပါလိမ့်မည်'' ဟုတောင်းဆိုလေ၏။
Jeremiah 9:23ထာဝရဘုရားက၊ ``ပညာရှိသည်မိမိဉာဏ်ပညာရှိမှု၊ ခွန်အားကြီးမားသူသည်မိမိခွန်အားကြီး မားမှု၊ ချမ်းသာကြွယ်ဝသူသည်မိမိချမ်းသာ ကြွယ်ဝမှု၌ မဝါမကြွားအပ်။