The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 21 › 2 ရာဇဝင်ချုပ်ပထမစောင် 21:17

2 ရာဇဝင်ချုပ်ပထမစောင် 21:17

ဒါ​ဝိဒ်​က``အို ဘု​ရား​သ​ခင်၊ အ​မှား​ကို​ပြု သူ​မှာ​ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​အ​မိန့်​ပေး​သူ​မှာ ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ ဤ​သ​နား​စ​ရာ ကောင်း​သော​သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ကြ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့် ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​ကို​ဒဏ်​ခတ် တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ချမ်း​သာ​ပေး​တော်​မူ​ပါ'' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။

Common Language Bible

In The King James Version

And David said unto God, Is it not I that commanded the people to be numbered? even I it is that have sinned and done evil indeed; but as for these sheep, what have they done? let thine hand, I pray thee, O LORD my God, be on me, and on my father’s house; but not on thy people, that they should be plagued.

In Context

16ကောင်း​ကင်​တ​မန်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​ပစ်​ရန် ဋ္ဌား​ကို​ကိုင်​ကာ​လေ​ထဲ​တွင် ရပ်​နေ​သည်​ကို​ဒါ​ဝိဒ်​မြင်​လေ​၏။ ထို​အ​ခါ သူ​သည်​ဣ​သ​ရေ​လ​ပြည်​သား​ခေါင်း​ဆောင် များ​နှင့်​အ​တူ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပျပ်​ဝပ်​လိုက်​၏။ သူ​တို့​အား​လုံး​ပင်​လျှင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သ​တည်း။-

18ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။-

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 21

Cross References

Exodus 20:5ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

Joshua 22:18ကိုယ်​တော်​ကို​ယ​ခု​ပစ်​ပယ်​ကြ​မည်​လော။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယ​နေ့​ပုန်​ကန် လျှင်​နက်​ဖြန်​နေ့​၌​ကိုယ်​တော်​သည် ဣ​သ​ရေ​လ တစ်​မျိုး​သား​လုံး​ကို​အ​မျက်​ထွက်​တော်​မူ လိမ့်​မည်။-

2 Samuel 12:10သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။-

2 Samuel 24:17လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။

1 Chronicles 21:8ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။

Psalms 51:4ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​၌​ဒု​စ​ရိုက်​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် တ​ရား​စီ​ရင်​တော်​မူ​သည်​မှာ​လျော်​ကန်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ သည်​မှာ တ​ရား​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 21:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 21:162 ရာဇဝင်ချုပ်ပထမစောင် 212 ရာဇဝင်ချုပ်ပထမစောင် 21:18 →