2 ရာဇဝင်ချုပ်ပထမစောင် 21:23
အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 21
Cross References
1 Samuel 6:14လှည်းသည်ဗက်ရှေမက်မြို့သားယောရှု၏ လယ်သို့ရောက်သောအခါ ကျောက်တုံးကြီး အနီးတွင်ရပ်တန့်လေသည်။ လူတို့သည်လှည်း ကိုခုတ်ဖြတ်၍နွားမတို့ကိုသတ်ပြီးလျှင် မီးရှို့ရာယဇ်အဖြစ်ဖြင့်ထာဝရဘုရား အားပူဇော်ကြ၏။-
1 Kings 19:21ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။
Jeremiah 32:8ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-