2 ရာဇဝင်ချုပ်ပထမစောင် 21:7
ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
Common Language Bible
In The King James Version
And God was displeased with this thing; therefore he smote Israel.
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 21
Cross References
Joshua 7:1ဣသရေလအမျိုးသားတို့သည်ဖျက်ဆီးရ မည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှမယူရဟူ သော ထာဝရဘုရား၏တားမြစ်ချက်ကို အာခန်ဆိုသူသည်မနာခံသဖြင့် ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ အားပြင်းစွာသောအမျက်တော်ထွက်တော် မူ၏။ (အာခန်သည်ယုဒအနွယ်ဝင်ဇေရ မိသားစုထဲမှဇာဗဒိ၏မြေး၊ ကာမိ၏ သားဖြစ်သည်။)
Joshua 7:13ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
2 Samuel 11:27ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
2 Samuel 21:14ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။
2 Samuel 24:10သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
1 Chronicles 21:14သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။-