2 ရာဇဝင်ချုပ်ပထမစောင် 22:14
ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 22
Cross References
1 Kings 7:47ထိုပစ္စည်းတန်ဆာတို့သည်အလွန်များသော ကြောင့်မချိန်တွယ်ဘဲထား၏။ ထို့ကြောင့်ယင်း တို့၏အလေးချိန်ကိုမသိနိုင်။
2 Kings 25:16ဗိမာန်တော်အတွက်ရှောလမုန်မင်းပြုလုပ်ခဲ့ သောကြေးဝါပစ္စည်းများဖြစ်သည့်တိုင်ကြီးနှစ်လုံး၊ လှည်းများနှင့်ရေစည်ကြီးတို့သည်ချိန်တွယ်၍ မရအောင်ပင်လေးလံပေသည်။-
1 Chronicles 29:2ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
Jeremiah 52:20ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။-