2 ရာဇဝင်ချုပ်ပထမစောင် 24:6
ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 24
Cross References
1 Kings 4:3နန်းတော်အတွင်းဝန်များ၊ ရှိရှ၏သားများဖြစ် ကြသောဧလိဟောရပ်နှင့်အဟိယမှတ်တမ်း တာဝန်ခံ၊ အဟိလုပ်၏သားယေဟောရှဖတ်၊
1 Chronicles 23:24ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။
Ezra 7:6ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
Matthew 8:19ကျမ်းတတ်ဆရာတစ်ယောက်သည်လာ၍ကိုယ် တော်အား ``ဆရာတော်၊ အကျွန်ုပ်သည်အရှင် ကြွတော်မူရာသို့လိုက်ပါမည်'' ဟုလျှောက် ထား၏။
Matthew 23:1ထိုနောက်သခင်ယေရှုသည်လူပရိသတ်နှင့် တပည့်တော်တို့အား၊