bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 27 › 2 ရာဇဝင်ချုပ်ပထမစောင် 27:24
2 ရာဇဝင်ချုပ်ပထမစောင် 27:24
ဇေရုယာ၏သားယွာဘသည်သန်းခေါင်စာရင်း တစ်ရပ်စတင်ကောက်ယူခဲ့သော်လည်းအပြီး မသတ်ချေ။ ဤသန်းခေါင်စာရင်းကောက်ယူမှု အတွက်ဘုရားသခင်သည် ဣသရေလအမျိုး သားတို့အားအပြစ်ဒဏ်ခတ်တော်မူ၏။ သို့ဖြစ် ၍ကောက်ယူရရှိသည့်နောက်ဆုံးကိန်းဂဏန်း များကိုဒါဝိဒ်မင်း၏တရားဝင်မှတ်တမ်းများ တွင်ရေးမှတ်ထားခြင်းမရှိပေ။
Common Language Bible
In The King James Version
Joab the son of Zeruiah began to number, but he finished not, because there fell wrath for it against Israel; neither was the number put in the account of the chronicles of king David.
In Context
23ထာဝရဘုရားက ဣသရေလပြည်သားတို့ အား ကောင်းကင်ကြယ်များကဲ့သို့များပြား စေတော်မူမည်ဟုကတိတော်ရှိသဖြင့် ဒါဝိဒ်မင်းသည်အသက်နှစ်ဆယ်အောက်ရှိ သူတို့အားသန်းခေါင်စာရင်းကောက်ယူ တော်မမူ။-
25ဘုရင်၏ပစ္စည်းဥစ္စာများကိုစီမံအုပ်ချုပ်ရသူ တို့၏စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။ ဘုရင့်ကုန်လှောင်ရုံများကို အဒေလ၏သား အာဇိမာဝက်ကအုပ်ချုပ်ရ၏။ ဒေသဆိုင်ရာကုန်လှောင်ရုံများကို သြဇိ၏သား ယောနသန်ကအုပ်ချုပ်ရ၏။ တောင်သူလယ်သမားစုကို ခေလုပ်၏သားဧဇရိ အုပ်ချုပ်ရ၏။ စပျစ်ဥယျာဉ်တို့ကိုရာမမြို့သားရှိမိက အုပ်ချုပ်ရ၏။ စပျစ်ရည်တိုက်တို့ကိုရှိဖမိမြို့သားဇဗဒိက အုပ်ချုပ်ရ၏။ အနောက်တောင်ခြေရှိသံလွင်ပင်များနှင့် သဖန်းပင်တို့ကို ဂေဒရိမြို့သားဗာလဟာနန်ကအုပ်ချုပ်ရ၏။ ဆီတိုက်ကိုယောရှသည်အုပ်ချုပ်ရ၏။ ရှာရုန်လွင်ပြင်ရှိနွားတို့ကိုရှာရုန်မြို့သားရှိ တရဲက အုပ်ချုပ်ရ၏။ ချိုင့်ဝှမ်းများရှိနွားတို့ကိုအာဒလဲ၏သား ရှာဖတ်က အုပ်ချုပ်ရ၏။ ကုလားအုတ်တို့ကိုဣရှမေလအနွယ်ဝင်၊ သြဗိလကအုပ်ချုပ်ရ၏။ မြည်းတို့ကိုမေရောနသိမြို့သားယေဒေယက အုပ်ချုပ်ရ၏။ သိုးနှင့်ဆိတ်တို့ကိုဟာဂရအနွယ်ဝင်ယာဇဇ်က အုပ်ချုပ်ရ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 27
Cross References
2 Samuel 24:15သို့ဖြစ်၍ထာဝရဘုရားသည်နံနက်ချိန် မှစ၍ပြဋ္ဌာန်းတော်မူသည့်အချိန်အထိ ဣသရေလအမျိုးသားတို့အပေါ်သို့ ကပ်ရောဂါဆိုက်ရောက်စေတော်မူ၏။ တိုင်း ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသ ရေလအမျိုးသားပေါင်းခုနစ်သောင်း မျှသေဆုံးကြ၏။-
1 Chronicles 21:5သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။-
This Verse In Other Editions
Study 2 ရာဇဝင်ချုပ်ပထမစောင် 27:24