2 ရာဇဝင်ချုပ်ပထမစောင် 28:1
ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 28
Cross References
Joshua 24:1ယောရှုသည်ဣသရေလအနွယ်ဝင်အပေါင်း တို့ကိုရှေခင်မြို့တွင်စုရုံးစေ၏။ သူသည် ဣသရေလအမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများ၊ အရာ ရှိများကိုဆင့်ခေါ်သဖြင့်သူတို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိလာကြ လေသည်။-
1 Chronicles 23:2ဒါဝိဒ်မင်းသည်ဣသရေလအမျိုးသား ခေါင်းဆောင်ရှိသမျှတို့နှင့် ယဇ်ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်အပေါင်းတို့ကို စုရုံးစေတော်မူ၏။-
1 Chronicles 27:16ဣသရေလအမျိုးအနွယ်၏အုပ်ချုပ်ရေး အရာရှိများမှာအောက်ပါအတိုင်းဖြစ်၏။ အနွယ် အုပ်ချုပ်သူ ရုဗင် ဇိခရိ၏သားဧလျေဇာ။ ရှိမောင် မာခ၏သားရှေဖတိ။ လေဝိ ကေမွေလ၏သားဟာရှဘိ။ အာရုန် ဇာဒုတ်။ ယုဒ ဒါဝိဒ်၏အစ်ကိုဧလိဟု။ ဣသခါ မိက္ခေလ၏သားသြမရိ။ ဇာဗုလုန် သြဗဒိသားဣရှမာယ။ နဿလိ အာဇရေလ၏သား ယေရိမုတ်။ ဧဖရိမ် အာဇဇိ၏သားဟောရှေ။ အနောက်ပိုင်းမနာရှေ ပေဒါယ၏သားယောလ။ အရှေ့ပိုင်းမနာရှေ ဇာခရိ၏သားဣဒ္ဒေါ။ ဗင်္ယာမိန် အာဗနာ၏သားယာသေလ။ ဒန် ယေရောဟံ၏သား အာဇရေလ။
1 Chronicles 27:25ဘုရင်၏ပစ္စည်းဥစ္စာများကိုစီမံအုပ်ချုပ်ရသူ တို့၏စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။ ဘုရင့်ကုန်လှောင်ရုံများကို အဒေလ၏သား အာဇိမာဝက်ကအုပ်ချုပ်ရ၏။ ဒေသဆိုင်ရာကုန်လှောင်ရုံများကို သြဇိ၏သား ယောနသန်ကအုပ်ချုပ်ရ၏။ တောင်သူလယ်သမားစုကို ခေလုပ်၏သားဧဇရိ အုပ်ချုပ်ရ၏။ စပျစ်ဥယျာဉ်တို့ကိုရာမမြို့သားရှိမိက အုပ်ချုပ်ရ၏။ စပျစ်ရည်တိုက်တို့ကိုရှိဖမိမြို့သားဇဗဒိက အုပ်ချုပ်ရ၏။ အနောက်တောင်ခြေရှိသံလွင်ပင်များနှင့် သဖန်းပင်တို့ကို ဂေဒရိမြို့သားဗာလဟာနန်ကအုပ်ချုပ်ရ၏။ ဆီတိုက်ကိုယောရှသည်အုပ်ချုပ်ရ၏။ ရှာရုန်လွင်ပြင်ရှိနွားတို့ကိုရှာရုန်မြို့သားရှိ တရဲက အုပ်ချုပ်ရ၏။ ချိုင့်ဝှမ်းများရှိနွားတို့ကိုအာဒလဲ၏သား ရှာဖတ်က အုပ်ချုပ်ရ၏။ ကုလားအုတ်တို့ကိုဣရှမေလအနွယ်ဝင်၊ သြဗိလကအုပ်ချုပ်ရ၏။ မြည်းတို့ကိုမေရောနသိမြို့သားယေဒေယက အုပ်ချုပ်ရ၏။ သိုးနှင့်ဆိတ်တို့ကိုဟာဂရအနွယ်ဝင်ယာဇဇ်က အုပ်ချုပ်ရ၏။
1 Chronicles 29:6ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-