2 ရာဇဝင်ချုပ်ပထမစောင် 29:10
ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 29
Cross References
Genesis 33:20ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍ ပလ္လင်ကို ဣသရေလ၏ဘုရားတည်းဟူသောဧလေ လောဟုသမုတ်လေ၏။
1 Kings 8:15ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်သည်ငါ၏ခမည်းတော်ဒါဝိဒ် အားပြုတော်မူခဲ့သည့်ကတိတော်ကိုတည် မြဲစေတော်မူပြီ။-
2 Chronicles 6:4ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့။ ကိုယ်တော်သည်ငါ၏ခမည်းတော် ဒါဝိဒ်အားငါသည် ငါ၏လူမျိုးတော်အားပေး အပ်ခဲ့သည့်ကတိတော်ကိုတည်မြဲစေလေပြီ။-
2 Chronicles 31:8မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
Nehemiah 8:6ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။ ပရိတ်သတ်တို့သည်လက်အုပ်ချီလျက်``အာမင်၊ အာမင်'' ဟုဝန်ခံပြီးလျှင်ဒူးထောက်ကာ ထာဝရဘုရားအားပျပ်ဝပ်ရှိခိုးကြ လေသည်။
Psalms 57:6ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။