The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 29 › 2 ရာဇဝင်ချုပ်ပထမစောင် 29:6

2 ရာဇဝင်ချုပ်ပထမစောင် 29:6

ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-

Common Language Bible

In The King James Version

Then the chief of the fathers and princes of the tribes of Israel, and the captains of thousands and of hundreds, with the rulers of the king’s work, offered willingly,

In Context

5နှင့်​လက်​မှု​ပ​ညာ​သည်​တို့​ပြု​လုပ်​ရန်​ရှိ​သ​မျှ သော​ဝတ္ထု​ပစ္စည်း​များ ငွေ​စင်​အ​ချိန်​နှစ်​ရာ​ခြောက် ဆယ့်​ငါး​တန်​ကို​လည်း​ပေး​လှူ​ခဲ့​လေ​ပြီ။ ယ​နေ့ အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ရက်​ရော စွာ​ပေး​လှူ​လို​ပါ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

7သူ​တို့​သည်​ရွှေ​တန်​ချိန်​တစ်​ရာ့​ကိုး​ဆယ်၊ ငွေ တန်​ချိန်​သုံး​ရာ့​ရှစ်​ဆယ်၊ ကြေး​ဝါ​တန်​ချိန် ခြောက်​ရာ​ခု​နစ်​ဆယ့်​ငါး​နှင့်​သံ​တန်​ချိန်​သုံး ထောင်​ခု​နစ်​ရာ့​ငါး​ဆယ်​ကို​ပေး​လှူ​ကြ​လေ သည်။-

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 29

Cross References

2 Kings 12:5ယဇ်​ပု​ရော​ဟိတ်​အ​သီး​သီး​တို့​သည်​မိ​မိ တို့​ယဇ်​ပူ​ဇော်​ပေး​၍​ရ​ရှိ​သည့်​ငွေ​များ​ဖြင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​တွင်​လို​အပ် သ​လို​အ​သုံး​ပြု​ရန်​တာ​ဝန်​ယူ​ရ​သည်။

1 Chronicles 27:25ဘု​ရင်​၏​ပစ္စည်း​ဥစ္စာ​များ​ကို​စီ​မံ​အုပ်​ချုပ်​ရ​သူ တို့​၏​စာ​ရင်း​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ဘု​ရင့်​ကုန်​လှောင်​ရုံ​များ​ကို အ​ဒေ​လ​၏​သား အာ​ဇိ​မာ​ဝက်​က​အုပ်​ချုပ်​ရ​၏။ ဒေ​သ​ဆိုင်​ရာ​ကုန်​လှောင်​ရုံ​များ​ကို သြ​ဇိ​၏​သား ယော​န​သန်​က​အုပ်​ချုပ်​ရ​၏။ တောင်​သူ​လယ်​သ​မား​စု​ကို ခေ​လုပ်​၏​သား​ဧ​ဇ​ရိ အုပ်​ချုပ်​ရ​၏။ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​ရာ​မ​မြို့​သား​ရှိ​မိ​က အုပ်​ချုပ်​ရ​၏။ စ​ပျစ်​ရည်​တိုက်​တို့​ကို​ရှိ​ဖ​မိ​မြို့​သား​ဇ​ဗ​ဒိ​က အုပ်​ချုပ်​ရ​၏။ အ​နောက်​တောင်​ခြေ​ရှိ​သံ​လွင်​ပင်​များ​နှင့် သ​ဖန်း​ပင်​တို့​ကို ဂေ​ဒ​ရိ​မြို့​သား​ဗာ​လ​ဟာ​နန်​က​အုပ်​ချုပ်​ရ​၏။ ဆီ​တိုက်​ကို​ယော​ရှ​သည်​အုပ်​ချုပ်​ရ​၏။ ရှာ​ရုန်​လွင်​ပြင်​ရှိ​နွား​တို့​ကို​ရှာ​ရုန်​မြို့​သား​ရှိ တ​ရဲ​က အုပ်​ချုပ်​ရ​၏။ ချိုင့်​ဝှမ်း​များ​ရှိ​နွား​တို့​ကို​အာ​ဒ​လဲ​၏​သား ရှာ​ဖတ်​က အုပ်​ချုပ်​ရ​၏။ ကု​လား​အုတ်​တို့​ကို​ဣ​ရှ​မေ​လ​အ​နွယ်​ဝင်၊ သြ​ဗိ​လ​က​အုပ်​ချုပ်​ရ​၏။ မြည်း​တို့​ကို​မေ​ရော​န​သိ​မြို့​သား​ယေ​ဒေ​ယ​က အုပ်​ချုပ်​ရ​၏။ သိုး​နှင့်​ဆိတ်​တို့​ကို​ဟာ​ဂ​ရ​အ​နွယ်​ဝင်​ယာ​ဇဇ်​က အုပ်​ချုပ်​ရ​၏။

2 Chronicles 35:8သူ​၏​မှူး​မတ်​များ​က​လည်း​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​အ​သုံး​ပြု​ရန်​အ​တွက်​ပေး​လှူ​ကြ​လေ သည်။ ဗိ​မာန်​တော်​မှူး​များ​ဖြစ်​ကြ​သော​ယဇ် ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဇာ​ခ​ရိ​နှင့်​ယေ ဟေ​လ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား သိုး​ငယ်​ဆိတ်​ငယ်​ကောင်​ရေ​နှစ်​သောင်း​ခြောက် ထောင်​နှင့်​နွား​ကောင်​ရေ​သုံး​ရာ​ကို​ပွဲ​တော် အ​တွင်း​ယဇ်​ပူ​ဇော်​ရန်​ပေး​လှူ​ကြ​၏။-

2 Corinthians 9:7လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 29:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 29:52 ရာဇဝင်ချုပ်ပထမစောင် 292 ရာဇဝင်ချုပ်ပထမစောင် 29:7 →