2 ရာဇဝင်ချုပ်ပထမစောင် 4:17
ဧဇရတွင်ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်၊ ဟူ၍သားလေးယောက်ရှိ၏။ မေရက်သည် အီဂျစ်ဘုရင်၏သမီးတော်ဗိသယာနှင့် စုံဖက်၍ မိရိအံဟူသောသမီးတစ်ယောက် နှင့်ရှမ္မဲ၊ ဣရှဘဟူသောသားနှစ်ယောက်ကို ရလေသည်။ ဣရှဘသည်ဧရှတမောမြို့ ကိုတည်ထောင်၏။ မေရက်သည်ယုဒအမျိုး သမီးတစ်ယောက်နှင့်လည်းစုံဖက်လေသည်။ သူတို့နှစ်ဦးတွင်ဂေဒေါ်မြို့ကိုတည်ထောင် သူယေရက်၊ စောခေါမြို့ကိုတည်ထောင်သူ ဟေဗာနှင့်ဇာနော်မြို့ကိုတည်ထောင်သူ ယေကုသေလဟူသောသားသုံးယောက် ရှိ၏။
Common Language Bible
In The King James Version
In Context
16ယေဟလလေလတွင်ဇိဖ၊ ဇိဖာ၊ တိရိ နှင့်အာသရေလဟူသောသားလေးယောက် ရှိ၏။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 4
Cross References
Joshua 15:50အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊-
1 Chronicles 4:19ဟောဒိယသည်နာဟံ၏နှမနှင့်စုံဖက်၏။ သူတို့၏သားမြေးများသည်ကိလမြို့တွင် နေထိုင်သောမာခသားချင်းစုကိုလည်း ကောင်း တည်ထောင်သူများဖြစ်ကြ၏။
1 Chronicles 21:24သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။-