2 ရာဇဝင်ချုပ်ပထမစောင် 5:1
ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 5
Cross References
Genesis 25:23ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
Genesis 35:22ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
Genesis 48:15ယောသပ်အားကောင်းချီးပေးလေသည်။ ``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်တင်တော်မူသောကောင်းကင်တမန်သည် ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည် သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။ သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
Exodus 6:14ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။-
Leviticus 20:11ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
Numbers 16:1လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-