2 ရာဇဝင်ချုပ်ပထမစောင် 5:23
အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 5
Cross References
Numbers 26:28ယောသပ်အနွယ်များမှာ မနာရှေနှင့်ဧဖရိမ်တို့ ဖြစ်သည်။ ယောသပ်သည် မနာရှေနှင့်ဧဖရိမ်တို့ ၏ဖခင်ဖြစ်သည်။
Deuteronomy 3:9(ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-)
Joshua 13:11ဂိလဒ်နယ်၊ ဂေရှုရိနယ်၊ မာခါနယ်၊ ဟေရမုန် တောင်တစ်ခုလုံးနှင့်သာလကပြည်အထိ ကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည်လုံးတို့ သည်လည်းကောင်း၊-
Psalms 133:3ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့် တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။