2 ရာဇဝင်ချုပ်ပထမစောင် 6:32
သူတို့သည်ရှောလမုန်မင်းကြီးဗိမာန်တော် ကိုမတည်မဆောက်မီကာလ၌ ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်တွင် အလှည့်ကျတာဝန်ယူ၍မပျက်မကွက် ဆောင်ရွက်ရကြသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 6
Cross References
1 Chronicles 6:10(ရှောလမုန်မင်းယေရုရှလင်မြို့တွင်တည် ဆောက်သည့်ဗိမာန်တော်တွင်အမှုတော်ဆောင် သူ) အာဇရိ၊-
1 Chronicles 16:4ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။-
1 Chronicles 25:7ဤသူအပေါင်းတို့နှင့်သူတို့၏ညီအစ်ကို လေဝိအနွယ်ဝင်တို့သည် လေ့ကျင့်ထားသော ဂီတပညာသည်များဖြစ်၍အထူးကျွမ်း ကျင်သူများတည်း။ သူတို့၏ဦးရေမှာစုစု ပေါင်းနှစ်ရာရှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။
2 Chronicles 31:2ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။-
Ezra 3:10တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
Nehemiah 11:17ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။