2 ရာဇဝင်ချုပ်ပထမစောင် 9:2
ပထမဦးဆုံးမိမိတို့၏ဘိုးဘွားပိုင်မြို့ ရွာများသို့ပြန်လည်ရောက်ရှိလာကြသူ များအထဲတွင် ဣသရေလအမျိုးသား ဝတ်ကြောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များနှင့်ဗိမာန်တော်အလုပ် သမားများပါဝင်လေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 9
Cross References
Joshua 9:21သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။
Ezra 2:43ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယာဟ၊ပါဒုန်၊ လေဗန၊ဟာဂဘ၊အက္ကုပ်၊ ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ သြဇ၊ပါသာ၊ဗေသဲ၊ အာသနာ၊မဟုနိမ်၊နဖုသိမ်၊ ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ ဗာကုတ်၊သိသရ၊သာမ နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။
Ezra 2:70ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။
Nehemiah 7:60ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
Nehemiah 11:3အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။