2 ရာဇဝင်ချုပ်ပထမစောင် 9:28
အချို့သောလေဝိအနွယ်ဝင်တို့သည်ကိုးကွယ် ဝတ်ပြုရာ၌အသုံးပြုသောခွက်ဖလားများ ကိုတာဝန်ယူရကြ၏။ ခွက်ဖလားများကို အသုံးပြုသည့်အခါတိုင်း စစ်ဆေး၍ထုတ် ပေးပြီးနောက်စစ်ဆေး၍ပြန်လည်လက်ခံ ရကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 9
Cross References
Numbers 23:25ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ကိုမကျိန် ဆဲပါနှင့်။ သို့ရာတွင်သူတို့အားကောင်းချီး မပေးပါနှင့်'' ဟုဆို၏။
1 Chronicles 26:22လာဒန်၏အခြားသားများဖြစ်ကြသော ဇေသံနှင့်ယောလတို့သည် ဗိမာန်တော်ဘဏ္ဍာ တိုက်နှင့်ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရလေသည်။
Nehemiah 12:44ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။