ကောရိန္တုဩဝါဒစာပထမစောင် 1:1
ဘုရားသခင်၏အလိုတော်အရ၊ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရ သောပေါလုနှင့်ငါတို့၏ညီသုဿင်ထံမှ၊-
Common Language Bible
In The King James Version
Paul, called to be an apostle of Jesus Christ through the will of God, and Sosthenes our brother,
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 1
Cross References
John 15:16သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
Acts 18:17ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
Romans 1:1သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
1 Corinthians 3:9ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။ သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-
1 Corinthians 9:1ငါသည်လွတ်လပ်သူမဟုတ်ပါလော။ တမန် တော်တစ်ပါးမဟုတ်ပါလော။ ငါတို့အရှင် သခင်ယေရှုကိုဖူးမြင်ခဲ့ရသူမဟုတ် ပါလော။ သင်တို့သည်သခင်ဘုရား၏အမှု တော်ကို ငါထမ်းဆောင်ခြင်းမှထွက်ပေါ်လာ သောအသီးအပွင့်များမဟုတ်ပါလော။-