ကောရိန္တုဩဝါဒစာပထမစောင် 1:11
ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်း ခိုက်ရန်ဖြစ်လျက်ရှိကြကြောင်းကို ကလောဣ ၏အိမ်သူအိမ်သားများထံမှငါကြားသိ ရ၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 1
Cross References
Genesis 27:42ရေဗက္ကသည်ဧသော၏အကြံကိုကြားသိရ သဖြင့် ယာကုပ်ကိုခေါ်၍``သင့်အစ်ကိုဧသော သည်သင့်အားလက်စားချေသတ်ပစ်ရန်အကြံ ထုတ်လျက်ရှိသည်။-
1 Samuel 25:14နာဗလ၏အစေခံတစ်ဦးက နာဗလ၏ ဇနီးအဘိဂဲလအား``ဤအကြောင်းကို သခင်မကြားပြီးပါပြီလော။ ဒါဝိဒ်သည် တောကန္တာရမှနေ၍ ကျွန်တော်တို့၏သခင် ထံသို့စေတမန်တို့ကိုလွှတ်ကာနှုတ်ဆက် ပါ၏။ သို့ရာတွင်သခင်ကထိုသူတို့အား စော်ကားမော်ကားပြောဆိုလိုက်ပါ၏။-
Proverbs 18:6မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
1 Corinthians 6:1သင်တို့အချင်းချင်းအမှုဖြစ်ပွားလျှင် ဘုရား သခင်လူစုတော်၏စီရင်ဆုံးဖြတ်ခြင်းကိုခံ မည့်အစား အဘယ်ကြောင့်ဘုရားမရှိသည့် တရားသူကြီးများထံသို့သွားကြပါ သနည်း။-
2 Corinthians 12:20သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
Galatians 5:20ရုပ်တုကိုကိုးကွယ်ခြင်း၊ စုန်းအတတ်ဖြင့်ပြုစား ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ကြီးပွားကျော်ကြားလိုစိတ် ရှိခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊-