The Bible Software
bible.software › ကောရိန္တုဩဝါဒစာပထမစောင် › ကောရိန္တုဩဝါဒစာပထမစောင် 1 › ကောရိန္တုဩဝါဒစာပထမစောင် 1:8

ကောရိန္တုဩဝါဒစာပထမစောင် 1:8

ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။-

Common Language Bible

In The King James Version

Who shall also confirm you unto the end, that ye may be blameless in the day of our Lord Jesus Christ.

In Context

7သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။-

9ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။

Read all of ကောရိန္တုဩဝါဒစာပထမစောင် 1

Cross References

Psalms 37:28အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မှန်​တ​ရား​ကို​နှစ်​သက်​တော်​မူ​၍ မိ​မိ​အား​သစ္စာ​စောင့်​သည့်​လူ​စု​တော်​ကို စွန့်​ပစ်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​အ​စဉ်​အ​မြဲ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​သား​မြေး​များ​မူ​ကား ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။

Romans 14:4သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။

1 Corinthians 5:5တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​သူ​၏ ဝိ​ညာဉ်​သည်​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​ခန္ဓာ​ကို​ဖျက်​ဆီး​ပစ်​ရန်​စာ​တန်​၏ လက်​သို့​ပေး​အပ်​ကြ​လော့။

2 Corinthians 1:21သင်​တို့​နှင့်​ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​အ​သက်​ရှင်​စေ​တော်​မူ​သော​အ​ရှင် မှာ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ငါ​တို့​အား​သီး သန့်​ရွေး​ချယ်​တော်​မူ​၍၊-

Philippians 1:6သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။-

Philippians 2:15သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောရိန္တုဩဝါဒစာပထမစောင် 1:8

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ကောရိန္တုဩဝါဒစာပထမစောင် 1:7ကောရိန္တုဩဝါဒစာပထမစောင် 1ကောရိန္တုဩဝါဒစာပထမစောင် 1:9 →