ကောရိန္တုဩဝါဒစာပထမစောင် 10:23
``ငါတို့တွင်အဘယ်အမှုကိုမဆိုပြုနိုင်ခွင့် ရှိ၏'' ဟုဆိုကြသည်အတိုင်းမှန်သော်လည်း အရာခပ်သိမ်းသည်ကောင်းမွန်သည်မဟုတ်။``ငါ တို့တွင်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့်ရှိ၏'' ဟုဆိုသော်လည်းအရာခပ်သိမ်းသည်ငါတို့ အကျိုးကိုပြုစုပေးသည်မဟုတ်။-
Common Language Bible
In The King James Version
In Context
24အဘယ်သူမျှကိုယ်ကျိုးကိုမရှာစေနှင့်။ သူ တစ်ပါး၏အကျိုးကိုသာလျှင်ရှာစေ။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 10
Cross References
Romans 14:15အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။-
Romans 15:1ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
1 Corinthians 8:1သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။-
1 Corinthians 14:3သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား လူတို့အားဆောက် တည်ရာရစေသောစကား၊ အားပေးသော စကား၊ နှစ်သိမ့်သောစကားတို့ကိုပြော၏။-
1 Corinthians 14:17ကျေးဇူးတော်ချီးမွမ်းသည့်သင်တို့၏ဆုတောင်း ပတ္ထနာသည်ကောင်းမွန်စေကာမူသူတစ်ပါး အတွက်မည်သို့မျှအကျိုးမရှိ။
2 Corinthians 12:19ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-