ကောရိန္တုဩဝါဒစာပထမစောင် 11:22
သင်တို့တွင်စားသောက်ရန်နေအိမ်မရှိသလော။ သို့တည်းမဟုတ်ဘုရားသခင်၏အသင်းတော် ကိုရှုတ်ချ၍ ဆင်းရဲသူတို့အားအရှက်ခွဲလို ကြသလော။ သင်တို့အားအဘယ်သို့ငါပြောရ မည်နည်း။ သင်တို့ကိုချီးကူးရမည်လော။ ဤ ကိစ္စတွင်အဘယ်နည်းနှင့်မျှမချီးကူးနိုင်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 11
Cross References
Acts 20:28သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
1 Corinthians 11:2သင်တို့သည်ငါ့ကိုအစဉ်အောက်မေ့သတိရ၍ ငါပေးအပ်ခဲ့သည့်သွန်သင်ချက်အတိုင်းလိုက် နာပြုကျင့်ကြသောကြောင့်သင်တို့အားငါ ချီးကူး၏။-
1 Corinthians 15:9ငါသည်တမန်တော်တို့တွင်အညံ့ဆုံးဖြစ်၏။ ဘုရားသခင်၏အသင်းတော်ကိုနှိပ်စက်ညှဉ်းဆဲ ခဲ့သူဖြစ်သဖြင့် တမန်တော်ဟူ၍ပင်အခေါ် မခံထိုက်။-
1 Timothy 3:15သို့ရာတွင်အကယ်၍ငါလာရောက်ရန်နှောင့်နှေး ကြန့်ကြာနေခဲ့သော် ဘုရားသခင်၏အိမ်ထောင် စုသားတို့အဘယ်သို့ပြုမူကျင့်ကြံသင့်သည် ကိုသင်သိရှိနိုင်စေရန် ဤစာကိုရေးလိုက်ရ ခြင်းဖြစ်ပေသည်။ ထိုအိမ်ထောင်စုကားအသက် ရှင်တော်မူသောဘုရားသခင်၏အသင်းတော် ပင်တည်း။ ထိုအသင်းတော်သည်သမ္မာတရား၏ မဏ္ဍိုင်ဖြစ်၏။-