ကောရိန္တုဩဝါဒစာပထမစောင် 12:7
အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။-
Common Language Bible
In The King James Version
But the manifestation of the Spirit is given to every man to profit withal.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 12
Cross References
Matthew 25:14``ကောင်းကင်နိုင်ငံတော်သည်ခရီးပြုရန် မိမိအိမ် မှထွက်မည့်ဆဲဆဲရှိသူ လူတစ်ယောက်ကြုံတွေ့ရ သည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။ သူသည်မိမိ ၏ကျွန်များကိုခေါ်၍ဥစ္စာပစ္စည်းများကိုအပ်၏။-
1 Corinthians 14:5ငါသည်သင်တို့အားလုံးကိုပင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုစေလို သော်လည်း နှုတ်ကပတ်တရားတော်ဟောပြော နိုင်သောဆုကျေးဇူးကိုပို၍ရစေလို၏။ ထူး ဆန်းသောဘာသာစကားအမျိုးမျိုးဖြင့်ပြော ဆိုသူသည် မိမိစကား၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းလင်းဖော်ပြနိုင်သူရှိမှသာလျှင် အသင်း တော်၏အကျိုးကိုပြုစု၏။ သို့မဟုတ်ပါမူ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်း ကပို၍တန်ဖိုးရှိ၏။-
1 Corinthians 14:17ကျေးဇူးတော်ချီးမွမ်းသည့်သင်တို့၏ဆုတောင်း ပတ္ထနာသည်ကောင်းမွန်စေကာမူသူတစ်ပါး အတွက်မည်သို့မျှအကျိုးမရှိ။
1 Corinthians 14:22ထို့ကြောင့်ထူးဆန်းသောဘာသာစကားအမျိုး မျိုးပြောဆိုနိုင်သောစွမ်းရည်သည်မယုံကြည် သူတို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ ယုံကြည် သူတို့အတွက်မဟုတ်။ ဗျာဒိတ်တော်ကိုကြေညာ ဟောပြောနိုင်သောဆုကျေးဇူးကားယုံကြည်သူ တို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ မယုံကြည် သူတို့အတွက်မဟုတ်။
1 Peter 4:10သင်တို့အားလုံးပင်လျှင်ဝိညာဉ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက်အသုံး ပြုကြလော့။-