ကောရိန္တုဩဝါဒစာပထမစောင် 13:3
ငါ၏ဥစ္စာရှိသမျှကိုပေးကမ်းစွန့်ကြဲသည် သာမကကိုယ်ခန္ဓာကိုမီးဖြင့်ပူဇော်သော် လည်းမေတ္တာမရှိလျှင်ငါ၌အကျိုးမရှိ။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 13
Cross References
Jeremiah 7:8``ကြည့်လော့။ သင်တို့သည်လိမ်လည်လှည့် ဖြား၍တန်ဖိုးမရှိသောစကားများကို ယုံကြည်အားကိုးကြ၏။-
Matthew 6:1``သင်တို့သည်အများမြင်သာအောင်လူမြင်ကွင်း တွင် အလှူဒါနမပြုမိစေရန်သတိပြုကြလော့။ သို့မဟုတ်ပါမူကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် သင်တို့အားမည်သည့်ကောင်း ချီးကိုမျှပေးသနားတော်မူလိမ့်မည်မဟုတ်။
Matthew 23:5မိမိတို့ပြုလုပ်သမျှသောအရာတို့ကိုလူမြင် သာအောင်ပြုလုပ်တတ်ကြ၏။ မိမိတို့နဖူးနှင့် လက်မောင်းများပေါ်တွင်ကျမ်းစာလက်ဖွဲ့များကို အပြားကြီးပြုလုပ်၍ဝတ်ဆင်တတ်ကြ၏။ ဝတ်လုံ အမြိတ်များကိုရှည်လျားစွာချုပ်ထားတတ်ကြ၏။-
Luke 18:28ပေတရုက ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် မိမိတို့၏အိုးအိမ်ကိုစွန့်၍ ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ'' ဟုလျှောက်၏။
Luke 21:3ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားဤဆင်းရဲသောမုဆိုးမ သည်ဤသူအပေါင်းတို့ထက်ပို၍ထည့်ဝင် လှူဒါန်းလေပြီ။-
John 12:43သူတို့သည်ကားလူတို့၏အချီးအမွမ်းကို ပို၍နှစ်သက်ကြသူများဖြစ်သတည်း။