ကောရိန္တုဩဝါဒစာပထမစောင် 14:1
ထို့ကြောင့်သင်တို့သည်မေတ္တာတရားကိုကျင့်သုံး ရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူး များကိုတောင့်တလိုချင်ကြလော့။ အထူးသဖြင့် နှုတ်ကပတ်တရားတော်ဟောပြောနိုင်သောဆု ကျေးဇူးကိုလိုလားကြလော့။-
Common Language Bible
In The King James Version
Follow after charity, and desire spiritual gifts, but rather that ye may prophesy.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 14
Cross References
Proverbs 15:9မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
Isaiah 51:1ထာဝရဘုရားက၊ ``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန် ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။ သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။ သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။
Romans 12:6သို့ဖြစ်၍ငါတို့အသီးသီးသည်မိမိတို့ ခံစားရသည့်ကျေးဇူးတော်နှင့်အညီ ဘုရား သခင်ချပေးတော်မူသည့်ဆုကျေးဇူးကို အသုံးပြုကြရမည်။ ငါတို့ရရှိသည့်ဆု ကျေးဇူးသည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောနိုင်စွမ်းဖြစ်ပါက ငါတို့ သည်မိမိတို့၏ယုံကြည်ခြင်းပမာဏ အတိုင်းထိုဆုကျေးဇူးကိုအသုံး ပြုကြရမည်။-
1 Corinthians 12:1ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။-
1 Corinthians 13:13ယခုတွင်ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည် လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။
1 Corinthians 14:24သို့သော်ဘုရားသခင်၏ဗျာဒိတ်တော်ကိုသင် တို့အပေါင်းကြေညာဟောပြောလျက်နေစဉ် မယုံကြည်သူသို့မဟုတ်သာမန်လူတစ်ယောက် ရောက်ရှိလာပါမူ သင်တို့ဟောပြောသည့်တရား စကားကြောင့် မိမိသည်အပြစ်များကူးသူ ဖြစ်ကြောင်းကောင်းစွာသိမြင်လာလိမ့်မည်။-