ကောရိန္တုဩဝါဒစာပထမစောင် 14:21
ကျမ်းစာတော်တွင်၊ ``ငါ၏လူစုတော်အားထူးဆန်းသော ဘာသာစကားများဖြင့်ငါပြောမည်။ လူမျိုးခြားတို့၏နှုတ်ဖြင့်ငါပြောမည်။ သို့သော်လည်းငါ၏လူစုတော်သည် ငါ့စကားကိုနားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏'' ဟူ၍ဖော်ပြပါရှိ၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 14
Cross References
Deuteronomy 28:49ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
Jeremiah 5:15ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
Romans 3:19ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-