ကောရိန္တုဩဝါဒစာပထမစောင် 15:2
ထိုသတင်းကောင်းကားသင်တို့အားငါဟော ပြောသည့်တရားဖြစ်သည်။ သင်တို့သည်ထို သတင်းကောင်းကိုစွဲမြဲစွာယုံကြည်လက်ခံ လျှင်ကယ်တင်ခြင်းကိုခံကြရ၏။ သို့မဟုတ် လျှင်သင်တို့ယုံကြည်ခဲ့သည်မှာအချည်းနှီး ဖြစ်သည်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 15
Cross References
Psalms 106:12ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
Proverbs 4:13ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
Proverbs 23:23သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
John 8:31သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။-
Acts 8:13ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
Romans 11:22ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-