ကောရိန္တုဩဝါဒစာပထမစောင် 15:50
ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 15
Cross References
Matthew 16:17သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။-
1 Corinthians 1:12သင်တို့တွင်တစ်ယောက်တစ်မျိုးစီပြောနေကြ ၏။ ``ငါသည်ပေါလု၏တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏တပည့်ဖြစ်သည်။ ငါသည်ကေဖ ၏တပည့်ဖြစ်သည်။ ငါသည်ခရစ်တော်၏တပည့် ဖြစ်သည်'' ဟုအသီးသီးပြောဆိုနေကြ၏။-
1 Corinthians 7:29ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။-
2 Corinthians 9:6မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။-
Galatians 5:16ငါဆိုသည်ကားဝိညာဉ်တော်ညွှန်ကြားသည့် အတိုင်းကျင့်ကြလော့။ လူ့ဇာတိအလိုသို့ မလိုက်ကြနှင့်။-
Colossians 2:4သို့ဖြစ်၍မည်မျှပင်ယုတ္တိရှိဟန်တူသော မှားယွင်းသည့်အကြောင်းပြချက်များဖြင့် အဘယ်သူမျှသင်တို့အားမလှည့်စားစေ နှင့်။-