ကောရိန္တုဩဝါဒစာပထမစောင် 16:13
နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-
Common Language Bible
In The King James Version
Watch ye, stand fast in the faith, quit you like men, be strong.
In Context
14ခပ်သိမ်းသောအမှုတို့ကိုမေတ္တာနှင့်ပြုကြလော့။-
Read all of ကောရိန္တုဩဝါဒစာပထမစောင် 16
Cross References
Joshua 1:9သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
1 Samuel 4:9ဖိလိတ္တိအမျိုးသားတို့အားခဲကြလော့။ ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့။ သို့မဟုတ်ပါမူဟေ ဗြဲအမျိုးသားတို့သည် ငါတို့ထံတွင်ကျွန်ခံခဲ့ ရဖူးသည့်နည်းတူငါတို့သည် သူတို့ထံတွင် ကျွန်ခံရကြလိမ့်မည်။ သို့ဖြစ်၍ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့'' ဟုဆိုကြ၏။
1 Kings 2:2မင်းကြီးက``ငါသေရမည့်အချိန်ရောက်ပြီ။ သင်သည်မိမိအစွမ်းကိုယုံ၍ဇွဲသတ္တိရှိစွာ၊-
1 Chronicles 28:10ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သောဗိမာန်တော်ကိုတည်ဆောက်ရန် အတွက် သင့်အားရွေးချယ်တော်မူပြီဖြစ် ကြောင်းသင်သိမှတ်ရပေမည်။ သို့ဖြစ်၍ ယခုပင်လျှင်ထိုဗိမာန်တော်ကိုတည် ဆောက်လော့။ အားမာန်တင်း၍တည်ဆောက် လော့'' ဟုမိန့်တော်မူ၏။
Isaiah 35:4စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
Daniel 11:32မိမိတို့ကိုးကွယ်သည့်ဘာသာကိုစွန့်လွှတ် လိုက်ကြသူတို့အား ဆီးရီးယားဘုရင်သည် ကောက်ကျစ်စဉ်းလဲမှုဖြင့် မိမိ၏ဘက်သို့ပါ အောင်ဆွဲဆောင်လိမ့်မည်။ သို့ရာတွင်ဘုရားသခင်အားသစ္စာစောင့်သောသူတို့က သူ့အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်။-