ကောရိန္တုဩဝါဒစာပထမစောင် 4:1
ငါတို့သည်ဘုရားသခင်၏နက်နဲသောသမ္မာ တရားတော်ကိုတာဝန်ယူစောင့်ထိန်းရသူ ခရစ် တော်၏အစေခံများဖြစ်သည်ဟုသင်တို့မှတ် ယူသင့်ကြ၏။-
Common Language Bible
In The King James Version
Let a man so account of us, as of the ministers of Christ, and stewards of the mysteries of God.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 4
Cross References
Matthew 24:45``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
Luke 8:10ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
Luke 16:1တစ်ဖန်ကိုယ်တော်ကတပည့်တော်တို့အား ``အ ခါတစ်ပါး၌သူဌေးတစ်ယောက်မှာမန်နေဂျာ တစ်ဦးရှိ၏။ ထိုသူသည်သူဌေး၏ဥစ္စာပစ္စည်း များကိုဖြုန်းတီးလျက်နေကြောင်းကို လူတို့က သူဌေးအားတိုင်တန်းကြ၏။-
1 Corinthians 2:7ငါသည်ဘုရားသခင်၏နက်နဲသောဉာဏ်ပညာ တော်အကြောင်းကိုဟောပြော၏။ ထိုဉာဏ်ပညာ ကားလူသားတို့ထံမှဘုရားသခင်လျှို့ဝှက် ထားသောအရာဖြစ်၏။ သို့သော်ငါတို့ဘုန်း အသရေခံစားရစေရန် ကမ္ဘာလောကကို ဖန်ဆင်းတော်မမူမီကပင်လျှင် ဘုရား သခင်စီရင်သောဉာဏ်ပညာဖြစ်၏။-
1 Corinthians 4:13စော်ကားခြင်းကိုခံရသောအခါမေတ္တာပို့ ကြ၏။ ငါတို့ကားယခုတိုင်အောင်လောက ၏အညစ်အကြေး၊ လူတကာစွန့်ပစ်သည့် အမှိုက်ကဲ့သို့ဖြစ်ကြ၏။
2 Corinthians 4:5ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။-