ကောရိန္တုဩဝါဒစာပထမစောင် 5:12
အသင်းတော်ဝင်မဟုတ်သူတို့ကိုစစ်ကြော စီရင်ရန်မှာ ငါ၏အလုပ်မဟုတ်။ ထိုသူတို့ ကိုဘုရားသခင်စစ်ကြောစီရင်တော်မူ လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ ၏အသင်းတော်ဝင်တို့ကိုစစ်ကြောစီရင် သင့်ကြသည်မဟုတ်ပါလော။ ကျမ်းစာ တော်ကဖော်ပြသည်အတိုင်း ``သင်တို့ အထဲမှဆိုးညစ်သောသူကိုပယ်ရှား ကြလော့။''
Common Language Bible
In The King James Version
For what have I to do to judge them also that are without? do not ye judge them that are within?
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 5
Cross References
Mark 4:11ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။-
John 18:36သခင်ယေရှုက ``ငါ့နိုင်ငံသည်ဤလောကနှင့် မသက်ဆိုင်။ အကယ်၍ငါ့နိုင်ငံသည်ဤလောက နှင့်သက်ဆိုင်ပါမူ ငါသည်ယုဒအမျိုးသားတို့ လက်သို့မရောက်ရအောင်ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ်ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်'' ဟုမိန့်တော်မူ၏။
1 Corinthians 6:1သင်တို့အချင်းချင်းအမှုဖြစ်ပွားလျှင် ဘုရား သခင်လူစုတော်၏စီရင်ဆုံးဖြတ်ခြင်းကိုခံ မည့်အစား အဘယ်ကြောင့်ဘုရားမရှိသည့် တရားသူကြီးများထံသို့သွားကြပါ သနည်း။-
1 Thessalonians 4:12ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။