ကောရိန္တုဩဝါဒစာပထမစောင် 7:17
မည်သို့ပင်ဆိုစေ၊ လူအသီးသီးတို့သည်သခင် ဘုရားပေးတော်မူသည့်ဆုကျေးဇူးများနှင့် အညီ ဘုရားသခင်ရွေးကောက်တော်မူစဉ် အခါကရှိခဲ့သည့်အခြေအနေအတိုင်း ဆက်လက်၍အသက်ရှင်ရာ၏။ ဤနည်းအတိုင်း အသင်းတော်အားလုံးအားငါဟောပြောသွန် သင်၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 7
Cross References
Matthew 19:12အချို့သောသူတို့တွင်မွေးစကပင်အိမ်ထောင် ပြုနိုင်ရန်စွမ်းရည်မပါမရှိကြ။ အချို့တို့မှာ လူတို့ကထိုစွမ်းရည်ကိုဖျက်ဆီးပစ်လိုက်သော ကြောင့်အိမ်ထောင်ပြု၍မရကြ။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်၏အကျိုးကိုထောက်၍ အိမ်ထောင်မပြုဘဲနေကြ၏။ အိမ်ထောင်မပြု ဘဲနေနိုင်သူသည်အိမ်ထောင်မပြုစေနှင့်'' ဟု မိန့်တော်မူ၏။
1 Corinthians 4:17ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
1 Corinthians 7:18အရေဖျားလှီးမင်္ဂလာကိုခံယူပြီးသူသည် ရွေးကောက်တော်မူခြင်းခံရလျှင် အရေဖျားလှီး မင်္ဂလာဆိုင်ရာအမှတ်အသားများကိုစွန့်ပယ် ရန်မလို။ အရေဖျားလှီးမင်္ဂလာမခံယူခဲ့သူ သည်ရွေးကောက်တော်မူခြင်းခံရလျှင်အရေ ဖျားလှီးမင်္ဂလာခံယူရန်မလို။-
1 Corinthians 7:24ညီအစ်ကိုတို့၊ သင်တို့သည်ရွေးကောက်တော်မူ ခြင်းခံရစဉ်အခါကရှိခဲ့သည့်အခြေအနေ ၌ပင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျက် ဆက်လက်နေထိုင်ရကြ၏။
1 Corinthians 16:1ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
2 Corinthians 11:28ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။-