bible.software › ကောရိန္တုဩဝါဒစာပထမစောင် › ကောရိန္တုဩဝါဒစာပထမစောင် 8 › ကောရိန္တုဩဝါဒစာပထမစောင် 8:7
ကောရိန္တုဩဝါဒစာပထမစောင် 8:7
သို့ရာတွင်လူတိုင်းဤသစ္စာတရားကိုသိရှိ ကြသည်မဟုတ်။ အချို့သောသူတို့သည် ရုပ်တုကိုကိုးကွယ်ခဲ့သည့်အတွက် ယခု တိုင်အောင်ပင်ရုပ်တုအားပူဇော်ပြီးသော အစားအစာကိုစားသောအခါ ရုပ်တု၏ အစားအစာဟုမှတ်ယူလျက်စားနေကြ ၏။ ထို့ကြောင့်သူတို့သည်စိတ်မသိုးမသန့် ဖြစ်ကာ ထိုအစားအစာကမိမိတို့အား ညစ်ညမ်းစေသည်ဟုထင်မှတ်ကြ၏။-
Common Language Bible
In The King James Version
Howbeit there is not in every man that knowledge: for some with conscience of the idol unto this hour eat it as a thing offered unto an idol; and their conscience being weak is defiled.
In Context
6ငါတို့အဖို့မှာအဖခမည်းတော်ဘုရား တစ်ပါးတည်းသာလျှင်ရှိတော်မူ၏။ ကိုယ် တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူ၏။ ကိုယ်တော်၏အဖို့ငါတို့အသက် ရှင်ကြ၏။ ငါတို့မှာအရှင်သခင်တစ်ပါး တည်းသာလျှင်ရှိ၏။ ထိုအရှင်သခင်ကား ယေရှုခရစ်ပေတည်း။ ထိုအရှင်အားဖြင့် ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းခြင်း ကိုခံကြရ၏။ ထိုအရှင်အားဖြင့်ငါတို့ သည်အသက်ရှင်ကြ၏။
8အစားအစာသည်ဘုရားသခင်၏ရှေ့တော် တွင်အဋ္ဌိကမဟုတ်။ အစားအစာကိုမစား ဘဲနေလျှင်ငါတို့မှာအရှုံးမရှိ။ စားလျှင် လည်းအမြတ်မရ။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 8
Cross References
Romans 14:22ဤကိစ္စများနှင့်ပတ်သက်၍သင်မည်သို့ပြုမူ သည်မှာသင်နှင့်ဘုရားသခင်သာသက်ဆိုင် ၏။ မိမိမှန်ကန်သည်ဟုယုံကြည်သည့်အတိုင်း ဆောင်ရွက်၍သြတ္တပ္ပစိတ်ကြည်လင်သူသည် မင်္ဂလာရှိ၏။-
1 Corinthians 8:9သို့ရာတွင်သင်တို့ဤသို့လွတ်လပ်စွာစား သောက်နိုင်ခွင့်သည် ယုံကြည်မှုအားနည်းသူ များအတွက်မှောက်မှားစရာမဖြစ်စေရန် သတိပြုကြလော့။-
This Verse In Other Editions
Study ကောရိန္တုဩဝါဒစာပထမစောင် 8:7