The Bible Software
bible.software › ကောရိန္တုဩဝါဒစာပထမစောင် › ကောရိန္တုဩဝါဒစာပထမစောင် 9 › ကောရိန္တုဩဝါဒစာပထမစောင် 9:18

ကောရိန္တုဩဝါဒစာပထမစောင် 9:18

သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ်​အ​ခ​ကြေး​ငွေ ခံ​စား​ရ​သ​နည်း။ ငါ​ခံ​စား​ရ​သည့်​အ​ကျိုး မှာ​သ​တင်း​ကောင်း​ကို​အ​ခ​ကြေး​ငွေ​မ​ယူ ဘဲ​ဟော​ပြော​ခွင့်​နှင့် ထို​သို့​ဟော​ပြော​သည့် အ​တွက် ရ​ပိုင်​ခွင့်​များ​ကို​မ​တောင်း​ဆို​ဘဲ နေ​နိုင်​ခွင့်​တို့​ပင်​ဖြစ်​၏။

Common Language Bible

In The King James Version

What is my reward then? Verily that, when I preach the gospel, I may make the gospel of Christ without charge, that I abuse not my power in the gospel.

In Context

17အ​ကယ်​၍​ငါ​သည်​အ​လုပ်​ကို​ငါ​၏​ဆန္ဒ အ​လျောက်​ရွေး​ချယ်​လုပ်​ကိုင်​ပါ​မူ အ​ခ​ကြေး ငွေ​ကို​စောင့်​မျှော်​နိုင်​ပေ​သည်။ သို့​ရာ​တွင်​ဤ အ​လုပ်​ကို​ဘု​ရား​သ​ခင်​ငါ့​အား​ပေး​အပ် ထား​သ​ဖြင့် ငါ​သည်​ဝတ္တ​ရား​အ​နေ​ဖြင့် လုပ်​ဆောင်​ရ​၏။-

19ငါ​သည်​မည်​သူ့​ကျွန်​မျှ​မ​ဟုတ်။ လွတ်​လပ်​သူ ဖြစ်​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ ဦး​ရေ​များ​နိုင်​သ​မျှ​တိုး​တက်​များ​ပြား လာ​စေ​ရန် ငါ​သည်​လူ​တိုင်း​၏​ကျွန်​ဖြစ်​၏။-

Read all of ကောရိန္တုဩဝါဒစာပထမစောင် 9

Cross References

Romans 14:15အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။-

1 Corinthians 8:9သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။-

1 Corinthians 10:33သင်​တို့​သည်​လည်း​ငါ​ကဲ့​သို့​ပြု​ကြ​လော့။ ငါ သည်​လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​မိ​မိ​ပြု သ​မျှ​သော​အ​မှု​တို့​တွင် ကိုယ်​ကျိုး​ကို​မ​ငဲ့ ဘဲ​လူ​အ​ပေါင်း​တို့​၏​အ​ကျိုး​ကို​ငဲ့​၍​သူ တို့​နှစ်​သက်​အောင်​ပြု​၏။

2 Corinthians 11:7ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။-

1 Thessalonians 2:6ငါ​တို့​သည်​ခ​ရစ်​တော်​၏​တ​မန်​တော်​များ အ​နေ​ဖြင့်​သင်​တို့​ထံ​တွင်​အ​ခွင့်​အ​ရေး​များ ကို​တောင်း​ဆို​နိုင်​၏။ သို့​သော်​သင်​တို့​၏​အ​ချီး အ​မွမ်း​ကို​သော်​လည်း​ကောင်း၊ အ​ခြား​သူ​တို့ ၏​အ​ချီး​အ​မွမ်း​ကို​သော်​လည်း​ကောင်း​ခံ ရ​စေ​ရန်​ငါ​တို့​မ​ကြိုး​စား။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သား သ​မီး​များ​အား​ယု​ယ​စွာ​ပြု​စု​သည့် မိ​ခင်​ကဲ့​သို့​သင်​တို့​အား​ပြု​စု​ခဲ့​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောရိန္တုဩဝါဒစာပထမစောင် 9:18

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ကောရိန္တုဩဝါဒစာပထမစောင် 9:17ကောရိန္တုဩဝါဒစာပထမစောင် 9ကောရိန္တုဩဝါဒစာပထမစောင် 9:19 →