ကောရိန္တုဩဝါဒစာပထမစောင် 9:24
အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 9
Cross References
Psalms 19:5မိမိအိပ်ခန်းမှထွက်၍လာသောမင်္ဂလာ ဆောင် သတို့သားကဲ့သို့လည်းကောင်း၊ အပြေးပြိုင်ရန်ဆန္ဒစောလျက်ရှိသည့် အားကစားသမားကဲ့သို့လည်းကောင်း နေသည်ထွက်ပြူလာ၏။
Jeremiah 12:5ထာဝရဘုရားက``ယေရမိ၊အကယ်၍သင်သည် လူတို့နှင့်အပြေးပြိုင်ရာတွင်မောပန်းနေပါမူ မြင်းများနှင့်အဘယ်သို့အပြေးပြိုင်နိုင်မည် နည်း။ သင်သည်လွင်ပြင်တွင်လဲနေလျှင်ယော်ဒန်မြစ် အနီးရှိ တောအုပ်များ၌အဘယ်သို့ခံရပ်နိုင်မည်နည်း။
1 Corinthians 9:26ထို့ကြောင့်ငါသည်ပန်းဝင်ရာသို့ တည့်မတ်စွာ ပြေး၏။ ငါသည်မိမိလက်သီးစွမ်းကိုအချည်း နှီးမဖြုန်းတီးသည့်လက်ဝှေ့သမားနှင့်တူ၏။-
Galatians 5:7ယခင်ကသင်တို့ပြုကျင့်ကြပုံမှာ အလွန် လျောက်ပတ်ပေသည်။ သမ္မာတရားတော်ကို မလိုက်မနာစေရန်ယခုသင်တို့အား အဘယ် သူဆီးတားသနည်း။ ထိုသူသည်သင်တို့အား အဘယ်သို့သွေးဆောင်သနည်း။-
Philippians 3:14သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။
2 Timothy 4:7ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။-