ရှင်ယောဟန်ဩဝါဒစာပထမစောင် 2:3
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
Common Language Bible
In The King James Version
And hereby we do know that we know him, if we keep his commandments.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 2
Cross References
Psalms 119:32ကိုယ်တော်ရှင်သည်ကွန်တော်မျိုးအားအသိဉာဏ် ပိုမိုပွင့်လင်းစေတော်မူမည်ဖြစ်၍ ကွန်တော်မျိုးသည်အမိန့်တော်တို့ကို စိတ်အားထက်သန်စွာလိုက်နာပါမည်။
Luke 6:46``သင်တို့သည်ငါ့စကားကိုနားမထောင်ဘဲ အဘယ်ကြောင့်ငါ့ကို `သခင်၊ သခင်' ဟုခေါ် ကြသနည်း။-
John 14:21``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
John 15:14သင်တို့သည်ငါပညတ်သည့်အတိုင်းပြု ကျင့်လျှင် ငါ၏အဆွေဖြစ်ကြ၏။-
2 Corinthians 4:6ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
Hebrews 5:9ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊-