ရှင်ယောဟန်ဩဝါဒစာပထမစောင် 2:7
ချစ်ဆွေတို့၊ သင်တို့ထံသို့ငါစာရေးသား ဖော်ပြနေသည့်ပညတ်သည်အသစ်မဟုတ်။ အစမူလကတည်းကသင်တို့ရရှိထား ကြသည့်ပညတ်ဟောင်းဖြစ်၏။ ထိုပညတ် ဟောင်းကား သင်တို့ကြားနာခဲ့ရသည့် တရားတော်ပင်ဖြစ်ပေသည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 2
Cross References
Leviticus 19:18သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
Deuteronomy 6:5သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
Matthew 22:37ကိုယ်တော်က ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်ရမည်ဟူသောပညတ်သည်ပထမ အကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
Acts 17:19သို့ဖြစ်၍ထိုသူတို့သည်ပေါလုကို အာရေတောင် တရားရုံးတော်သို့ခေါ်ဆောင်သွားပြီးလျှင် ``သင် ဟောပြောနေသည့်အယူဝါဒသစ်အကြောင်း ကိုငါတို့သိပါရစေ။-
Galatians 5:13ညီအစ်ကိုတို့၊ လွတ်လပ်မှုရစေရန်ဘုရားသခင် သည်သင်တို့ကိုရွေးကောက်တော်မူပေသည်။ သို့ ရာတွင်လွတ်လပ်မှုကိုအကြောင်းပြ၍ လူ့ဇာတိ အလိုသို့မလိုက်ကြဘဲမေတ္တာဖြင့်အချင်း ချင်းကျေးဇူးပြုကြလော့။-
1 John 2:24သို့ဖြစ်၍သင်တို့သည်အစကပင်ကြားနာခဲ့ ကြသည့်တရားတော်ကိုမိမိတို့၏စိတ်နှလုံး တွင်ထိန်းသိမ်းထားကြလော့။ ယင်းသို့ပြုပါမူ သင်တို့သည်သားတော်နှင့်လည်းကောင်း၊ ခမည်း တော်နှင့်လည်းကောင်းထာဝစဉ်တစ်လုံးတစ်ဝ တည်းတည်ရှိကြလိမ့်မည်။-