ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:6
ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်နေသူ သည်အပြစ်မကူးတတ်။ အပြစ်ကူးတတ်သူ မူကားကိုယ်တော်ကိုမသိမမြင်ဘူးသူ ဖြစ်၏။
Common Language Bible
In The King James Version
Whosoever abideth in him sinneth not: whosoever sinneth hath not seen him, neither known him.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 3
Cross References
2 Corinthians 3:18သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
1 John 2:4ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-
1 John 3:2ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
1 John 4:8ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ သို့ဖြစ်၍မေတ္တာကင်းမဲ့သူသည်ဘုရား သခင်ကိုမသိ။-
3 John 1:11ချစ်ဆွေ၊ စံနမူနာကောင်းကိုအတုယူပါ။ စံနမူနာဆိုးကိုအတုမယူနှင့်။ အကျင့် ကောင်းကိုပြုကျင့်သူသည်ဘုရားသခင်၏ ဘက်တော်သားဖြစ်၏။ အကျင့်ဆိုးကိုပြု ကျင့်သူကားဘုရားသခင်ကိုမသိမြင် သေးသူဖြစ်၏။