ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:10
မေတ္တာဟုဆိုရာ၌ဘုရားသခင်အတွက်ငါ တို့ထားရှိသည့်မေတ္တာကိုမဆိုလို။ ငါတို့သည် အပြစ်များမှပြေလွတ်ခွင့်ရရှိ၍ ပူဇော်ဆက် ကပ်တော်မူသောသားတော်ကိုစေလွှတ်တော် မူခြင်းအားဖြင့် ငါတို့အားဘုရားသခင်ပြ တော်မူသောမေတ္တာတော်ကိုဆိုလိုပေသည်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 4
Cross References
Deuteronomy 7:7``သင်တို့သည်အခြားသောလူမျိုးများထက် လူဦးရေပိုများသောကြောင့် ထာဝရဘုရား သည်သင်တို့ကိုချစ်၍ရွေးချယ်ခြင်းမဟုတ်။ သင်တို့သည်ကမ္ဘာပေါ်တွင်လူဦးရေအနည်း ဆုံးလူမျိုးဖြစ်သည်။-
John 3:16ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
Romans 3:25ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။
Romans 8:29ဘုရားသခင်သည်မိမိရွေးချယ်ထားသူတို့ အား မိမိ၏သားတော်ကဲ့သို့ဖြစ်လာကြစေ ရန်သီးသန့်ထားတော်မူ၏။ ဤသို့ပြုတော်မူ ခြင်းမှာသားတော်အားညီအမြောက်အမြား ထဲတွင်နောင်တော်ကြီးဖြစ်စေရန်ပင်တည်း။-
Ephesians 2:4သို့ရာတွင်ဘုရားသခင်၏ကရုဏာတော်သည် အလွန်ကြွယ်ဝ၍ မေတ္တာတော်သည်အလွန် ကြီးမားလှသဖြင့်ကိုယ်တော်သည်၊-
1 Peter 2:24ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-