ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:15
သခင်ယေရှုသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းဝန်ခံသောသူသည် ဘုရားသခင် နှင့်တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင် သည်လည်းသူနှင့်တစ်လုံးတစ်ဝတည်းရှိ တော်မူ၏။-
Common Language Bible
In The King James Version
Whosoever shall confess that Jesus is the Son of God, God dwelleth in him, and he in God.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 4
Cross References
Luke 12:8``သင်တို့အားငါဆိုသည်ကားငါ့တပည့်အဖြစ် လူတို့ရှေ့တွင်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များတို့၏ရှေ့ တွင် မိမိတပည့်အဖြစ်ဝန်ခံတော်မူလိမ့်မည်။-
Romans 10:9သင်တို့သည်သခင်ယေရှုသည်အရှင်သခင် ဖြစ်တော်မူကြောင်းကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည်ထိုအရှင်အားသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ ၌ယုံကြည်ကြလျှင်ဘုရားသခင်သည်သင် တို့ကိုကယ်တင်တော်မူလိမ့်မည်။-
1 John 3:24ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။
1 John 4:12အဘယ်သူမျှဘုရားသခင်ကိုမတွေ့မမြင် စဖူး။ သို့ရာတွင်ငါတို့သည်အချင်းချင်းချစ် ကြပါမူ ဘုရားသခင်သည်ငါတို့နှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည်ငါတို့၌ပြည့်ဝစုံလင်ပြီ။
1 John 5:5သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းခံယူယုံကြည်သူမှတစ်ပါး အဘယ်သူသည်လောကကိုအောင်နိုင်သနည်း။