ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:20
ဘုရားသခင်ကိုချစ်ပါသည်ဟုဆိုလျက် ညီအစ်ကိုကိုမုန်းသောသူသည်လူလိမ်ဖြစ် ၏။ အဘယ်ကြောင့်ဆိုသော်မျက်စိဖြင့်မြင်ရသူ ညီအစ်ကိုကိုမချစ်နိုင်သောသူသည် မျက်စိ ဖြင့်မမြင်ရသည့်ဘုရားသခင်ကိုချစ်နိုင် မည်မဟုတ်သောကြောင့်တည်း။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 4
Cross References
1 Peter 1:8သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
1 John 2:4ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-
1 John 2:11သို့ရာတွင်ညီအစ်ကိုကိုမုန်းသောသူသည် ကားအမှောင်တွင်ကျင်လည်သူဖြစ်၏။ အမှောင် တွင်ကျင်လည်၍မျက်စိမမြင်နိုင်သဖြင့်သူ သည်မိမိအဘယ်အရပ်သို့သွားသည်ကိုမသိ။
1 John 4:12အဘယ်သူမျှဘုရားသခင်ကိုမတွေ့မမြင် စဖူး။ သို့ရာတွင်ငါတို့သည်အချင်းချင်းချစ် ကြပါမူ ဘုရားသခင်သည်ငါတို့နှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည်ငါတို့၌ပြည့်ဝစုံလင်ပြီ။