ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:5
မိစ္ဆာပရောဖက်တို့သည်လောကနှင့်ဆိုင်သော သူများဖြစ်ကြ၏။ သို့ဖြစ်၍လောကီအကြောင်း အရာများကိုပြောဆိုကြ၏။ လောကသား တို့သည်လည်းသူတို့၏စကားကိုနားထောင် ကြ၏။-
Common Language Bible
In The King James Version
They are of the world: therefore speak they of the world, and the world heareth them.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 4
Cross References
Jeremiah 5:31ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
Micah 2:11``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
John 3:31ကောင်းကင်ဘုံမှကြွလာတော်မူသောအရှင် သည်အလုံးစုံတို့ထက်ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးမှပေါက်ဖွားသူသည်ကမ္ဘာမြေ ကြီးသားဖြစ်၍ မြေကြီးနှင့်ဆိုင်သော အကြောင်းအရာများကိုပြောတတ်၏။-
John 8:23ကိုယ်တော်က ``သင်တို့သည်အောက်ဘုံသားများ ဖြစ်ကြ၏။ ငါမူကားအထက်ဘုံမှလာ၏။ သင်တို့သည်ဤလောကသားများဖြစ်ကြ၏။ ငါမူကားဤလောကသားမဟုတ်။-
John 17:14ကိုယ်တော်၏နှုတ်ကပတ်တရားတော်ကိုသူ တို့အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်သည် လောကနှင့်မသက်ဆိုင်သကဲ့သို့သူတို့သည် လည်းမသက်ဆိုင်ကြပါ။ သို့ဖြစ်၍လောက သားတို့သည်သူတို့ကိုမုန်းကြပါ၏။-